Monday, February 25, 2013

CMMDJ သင်တန်းအမှတ်စဉ် (၄) ဖွင့်လှစ်

ဆရာမောင်ဝံသစီစဉ်ဖွင့်လှစ်သော Center for Myanmar Media Development Journalism School (CMMDJ) သင်တန်းအမှတ်စဉ် (၄) ကို ဆိပ်ကမ်းသာလမ်းရှိ သင်တန်းခန်းမတွင် ၀၈-၀၁-၂၀၁၃ မှ စတင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၂၈ ယောက်တက်ရောက်ခဲ့ကြပါသည်။ သင်တန်းကာလကြာမြင့်ချိန်မှာ ၃လဖြစ်ပြီး သင်တန်းသို့ ပြည်တွင်းပြည်ပမှ  ပညာရှင်များ လာရောက်သင်ကြားလျက်ရှိပါသည်။ အဆိုပါသင်တန်းမှာ သတင်းပညာရပ်ကို စိတ်ပါဝင်စားသော လူငယ်များ အနေနှင့် သတင်းပညာနှင့်သက်ဆိုင်သော ပညာရပ်များကို လေ့လာဆည်းပူးနိုင်ရန်အတွက် အခမဲ့ပညာဒါနအဖြစ် ဖွင့်လှစ်သော သင်တန်းဖြစ်သည်ဟု သိရသည်။

No comments:

Post a Comment